မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းကို ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ၂ဝ၁၁ ခုနှစ်၊မေလ(၁၁) ရက်နေ့တွင် ရန်ကုန်မြို့ရှိ စားသောက်ဆိုင်ပိုင်ရှင် (၂၁) ဦးတို့ဖြင့် စတင် ဖွဲ့စည်းခဲ့ပါသည်။
တာဝန်
မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းသည်အပြုသဘောဆောင်သော အကြံဥာဏ်များနှင့် အမြင်များ ဖလှယ်ခြင်း၊အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန်နှင့် အသိပညာ၊အတတ်ပညာ များမှတဆင့် မြန်မာနိုင်ငံအတွင်းရှိစားသောက်ဆိုင်များအားလုံး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထောက်ပံ့ပေးသော အဖွဲ့အစည်းအဖြစ် ထိပ်ဆုံးမှ ဦးဆောင်သွားပါမည်။
အမြင်
မြန်မာနိုင်ငံအတွင်းရှိစားသောက်ဆိုင်များအားလုံး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အချိန်နှင့်တပြေးညီ အစား သောက်ပညာရပ်ဆိုင်ရာများနှင့် အားပေးထောက်ပံ့မှုများကို အစဉ်မပြတ်ဆောင်ရွက်သွားပါမည်။ စားသောက်ဆိုင် အားလုံးဖွံ့ဖြိုးတိုးတက်ရန်နှင့် သက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာများကိုမြှင့်တင်ခြင်းများ နှင့် အားပေးထောက် ပံ့မှုများကိုအဆက်မပြတ် ဆောင်ရွက်သွားပါမည်။
ရည်မှန်းချက်
(၁) အသင်းဝင်အားလုံးသည် မြန်မာနိုင်ငံအတွင်းရှိစားသောက်ဆိုင်များအားလုံး၏ ဝန်ဆောင်မှုများနှင့် အရည် အသွေးများ ဖွံ့ဖြိုးတိုးတက်ရန် အတူတကွဆောင်ရွက်သွားပါမည်။
(၂) ပြည်ထောင်စုသမ္မတနိုင်ငံတော်အတွင်း လူမျိုးအသီးသီးတို့၏ ရိုးရာအစားအစာများနှင့် ဒေသအစားအစာများကို ဒေသခံများနှင့်မြို့မှဝယ်ယူစားသုံးသူများသာမက နိုင်ငံတကာဧည့်သည်များအထိသိရှိရန်တိုးမြှင့်ဆောင် ရွက်သွားပါမည်။
(၃) နိုင်ငံတကာစားသောက်ဆိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်ပတ်သက်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီသိရှိအောင် ဆောင်ရွက်သွားပါမည်။
(၄) မတူညီသော ဒေသအသီးသီး၏ ချက်ပြုတ်နည်းများ၊ အစားအစာများ၊ ဗဟုသုတများကို မျှဝေရန်၊ နိုင်ငံ တွင်းရှိ အခြားဇုန်များနှင့် အမြဲမပြတ် ဆက်သွယပေးခြင်းများ ပြုလုပ်ပေးသွားပါမည်။