အသင်းသား/အဖွဲ့၀င်
မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းသည် အောက်ဖေါ်ပြပါဆိုင်များအားလုံးကိုအသင်း၀င်အဖြစ် ဖိတ်ခေါ်ပါသည်။
၁။ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များအားလုံး
၂။ရန်ကုန်မြို့ရှိ လ္ဘက်ရည်ဆိုင်များအားလုံး
၃။အစားအသောက်နဲ့ပတ်သက်သော လုပ်ငန်းများအားလုံး
အသင်းဝင်ကြေး
အမျိုးအစား | အသင်းဝင်ကြေး | နှစ်စဉ်ကြေး |
(က) | ၁ဝဝ.ဝဝဝ | ၃ဝ.ဝဝဝ |
(ခ) | ၅ဝ.ဝဝဝ | ၁၅.ဝဝဝ |
(ဂ) | ၂၅.ဝဝဝ | ၅.ဝဝဝ |
(က)အဆင့် အသင်းသားများသည်သာလျင် ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် အလုပ်အမှုဆောင် ကော်မတီအဖြစ် ရွေးချယ်ခံပိုင်ခွင့်ရှိသည်။
အသင်း၀င်ဖောင်ပုံစံ ရယူရန် -
အသင်းဝင်ခြင်း အကျိုးကျေးဇူး
၁။ အသင်းဝင်အားလုံးသည် စားသောက်ဆိုင်ပိုင်ရှင်များအကြား ရင်းနှီးနွေးထွေးစွာဆက်ဆုံတွေ့ဆုံနိုင်မည် ဖြစ်ပါသည်။
၂။ အသင်းဝင်များအားလုံးသည် အကြံဥာဏ်စိတ်ကူးများ ဖလှယ်နိုင်ခြင်း၊အတွေ့အကြုံများမျှဝေခြင်းများ ပြုလုပ်နိုင်ပါသည်။
၃။ အသင်းဝင်များအားလုံးသည် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ မကြာသေးမီကကျင်းပ ပြုလုပ်သွားသော ''နေပြည်တော်ခရီးသွားပြပွဲနှင့်အစားအစာပြပွဲ'' ၊ပုဂံမြို့ဟောင်း ''ဗူးဘုရား'' ညဈေးကဲ့သို့သော ပြည်တွင်းအစားအစာပြပွဲများနှင့် ျြွွှဠ-၄ ရုပ်သံလိုင်းနှင့်ပူးပေါင်းကျင်းပသော Myanmar Cooking Master မြန်မာဟင်းလျာပြိုင်ပွဲကြီးကိုလည်း ပါဝင်ဆင်နွှဲနိုင်ပါသည်။
၄။ အသင်းဝင်များအားလုံးသည် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၏ စီစဉ်ညွှန်ကြားမှု အောက်မှ နိုင်ငံခြားအစားအစာပြပွဲနှင့် ယဉ်ကျေးမှုဆိုင်ရာပြပွဲများကိုလည်း ပါဝင်ဆင်နွဲနိုင်ပါသည်။
၅။ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ကြီးမှုးကျင်းပသောစားသောက်ဆိုင်လုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်သော နှီးနှောဖလှယ်ပွဲများ၊ တွေ့ဆုံပွဲများ၊ ဆွေးနွေးပွဲများ၊ လေ့ကျင့်ရေးသင်တန်းများ ကိုလည်း တက်ရောက်နိုင်ပါသည်။
၆။ ပြည်တွင်း၊ပြည်ပ အစားအစာနှင့် ဘားမန်း (Bar-tender )ပြိုင်ပွဲများကိုလည်း ပါဝင်ဆင်နွှဲနိုင်ပါသည်။
၇။ အသင်းဝင်များအားလုံးသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့နှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်း ရှင်များမှတဆင့် ပြည်တွင်း၊ပြည်ပခရီးသွားပြပွဲများတွင် ပြသနိုင်ရန်အတွက် မိမိတို့ဆိုင်မှ ကြော်ငြာစာစောင်၊ လက်ကမ်းစာစောင်များကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်လိပ်စာ
(၁) မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း
အမှတ်(၂၄/၂၆)၊ ၄လွှာ၊ Race Course ကွန်ဒို၊ တောင်မျဉ်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း။
Tel: 09-250087536, 01-549761, 01-549763
Email: This email address is being protected from spambots. You need JavaScript enabled to view it.