မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ မြန်မာနိုင်ငံအနှံ့အပြားတွင် ကြုံတွေ့ခဲ့ရသော ရေဘေးသင့်ပြည်သူများနှင့် ရခိုင်ပြည်နယ်ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ
အခမ်းအနားအစီအစဉ်
အချိန် ။ ။ ညနေ (၅းဝ၀)နာရီ
နေ့ရက် ။ ။ ၁၀.၉.၂၀၁၅ ( ကြာသပတေးနေ့ )
နေရာ ။ ။ Dolphin Restaurant
မြေပဒေသာကျွန်း၊ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ရှေ့ ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့။
၁။ အခမ်းအနားစတင်ခြင်းနှင့် အခမ်းအနားအစီအစဉ်များအား ဖတ်ကြားကြေငြာခြင်း။
၂။ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဒု- ဥက္ကဌ ဦးနေလင်းမှနှုတ်ခွန်းဆက်အဖွင့်အမှာစကား ပြောကြားခြင်း
၃။ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း မှ ဦးစိန်ခဲ (ခ) ဦးမြင့်ဇော် (တွဲဖက်အတွင်းရေးမှူး-၃) မှ ရခိုင်ပြည်နယ်ရေဘေးသင့်ပြည်သူများအား
ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစ်လတာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်း ။
၄။ မြန်မာနိ်ုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှဗဟိုအလုပ်အမှုဆောင် ဦးသင်္ကြန်ကျော်မှ ကောလင်း နှင့် မကွေးတိုင်း ပွင့်ဖြူဒေသများသို့ သွားရောက်လှူဒါန်းခဲ့သည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်း ။
၅။ သတင်းနှင့်စာနယ်ဇင်းနယ်ပယ်မှမိတ်ဆွေများမှသိရှိလိုသည်များအားမေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြားခြင်း။
၆။ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးမြတ်ဆွေမြင့်မှ နိဂုံးချုပ် စကားပြောကြားခြင်း ။
၇။ အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်း။