09-73192200, 09-250087536

    headoffice@myanmar-restaurantassociation.com

    2nd Myanmar Bartender Championship 2015

    2nd Myanmar Bartender Championship 2015

    စာနယ်ဇင်းရှင်းလင်းချက်

    2nd MYANMAR BARTENDER CHAMPIONSHIP 2015 ပြိုင်ပွဲကြီးကိုရန်ကုန်မြို့အင်းယားလိတ်ဟိုတယ် ဝင်းအတွင်းရှိ DJ Bar တွင် 2015 ခုနှစ် ဇူလိုင်လ (၂၈)ရက် ၊(၂၉)ရက်နှင့်(၃၀)ရက်နေ့များတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။အဆိုပါပြိုင်ပွဲသည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုတိယအကြိမ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကြီးကျယ်ခမ်းနားမှုအရှိဆုံးနှင့် ဟိုတယ်များ ၊ Bar များမှ ကျွမ်းကျင်ပညာရှင်များပါဝင်ယှဉ်ပြိုင်မှုအများဆုံး ပွဲကြီးတစ်ခု လည်းဖြစ်ပါသည်။ ဤပွဲကို မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံအဖျော်ယမကာကျွမ်း ကျင်ဖျော်စပ်သူများအသင်း( MBA) တို့မှပူးပေါင်းတာဝန်ယူကျင်းပခြင်းဖြစ်သည်။ Main Sponsors အဖြစ် Johnnie Walker မှအဓိကကူညီပံ့ပိုးပေးပါသည်။

    ဤပွဲကို ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး 2014 ခုနှစ် ဇွန်လ (၃)ရက် ၊(၄) ရက်တွင် ပထမ အကြိမ် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ကိုကျော်ဇင်ထွန်း (Champion) ၊ မပြုံးသော်တာဖုန်း (1st Runner Up)၊ကိုဖြိုးညီညီအောင်(2ndRunner Up)တို့မှအသီးသီးဆွတ်ခူးရရှိခဲ့ပြီး မြန်မာနိုင်ငံ၏Bartender များ၏ အခမ်းကဏ္ဍကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။ အဆိုပါဆုရရှိသူများကို 11th AHRA / ASEAN Bartender Championship 2014 ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ရာ(Champion)အဖြစ်ကိုကျော်ဇင်ထွန်းနှင့်(2ndRunnerUp)အဖြစ် ကိုဖြိုးညီညီအောင်တို့မှ အသီးသီးဆွတ်ခူးရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ဂုဏ်ကိုမြှင့်တင်နိုင်ခဲ့ပါသည်။

    ယခုနှစ်ကျင်းပပြုလုပ်သော 2nd MYANMAR BARTENDER CHAMPIONSHIP 2015 ပြိုင်ပွဲတွင်လည်း ပထမ ၊ ဒုတိယ ၊ တတိယ ရရှိသူများကို 24th Asia Pacific Bartender of the Year Cocktail Competition 2015 ပြိုင်ပွဲ နှင့်ASEAN Bartender Championship 2015 ပြိုင်ပွဲများသို့ မြန်မာနိုင်ငံကိုယ်စားပြု ဝ ရောက်ယှဉ်ပြိုင် စေမည်ဖြစ်သည်။ ယခုပြိုင်ပွဲတွင်ဆုရရှိသူများအား ငွေသားဆုအဖြစ် Champion (USD 1000 ) ၊1st Runner Up (USD 500) ၊ 2nd Runner Up (USD 300)၊Best Performance of Flair Award (USD 300) ၊ Creativity Award (USD 300) တို့ချီးမြှင့်မည် ဖြစ်ပါသည်။

    ထိုကဲ့သို့ ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် လာစေရန်၊မြန်မာ Bartender များ၏ အရည်အသွေးများပိုမိုတိုးတက်လာစေရန်၊ မြန်မာနိုင်ငံအတွင်းရှိ ဟိုတယ်များ ၊ ဘားများ၊ စားသောက်ဆိုင်များ၏ အဖျော်ယမကာအဆင့်အတန်းများ ပိုမိုမြင့်မားလာစေရန် နှင့်နိုင်ငံတကာအဆင့် Bartender များထွက်လာစေခြင်းဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းပိုမို တိုးတက်လာရေးအတွက်တစ်ဖက် တစ်လမ်းမှပံပိုးကူညီဆောင်ရွက်သွားရန်တို့ ဖြစ်ပါသည်။

    ဆက်သွယ်မေးမြန်းရန်
    ပြိုင်ပွဲကျင်းပရေးကော်မတီ

    ဦးရဲဝင်းထွန်း(ခ)ဦးပြုံးချို
    မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း

    vinyl x stand

    Facebook

    Photo Gallery

    photo gallery

    Membership Form

    Members will now meet and have close  and friendly relationship amongst the restaurant owners for the first time. Members can share experiences and exchange ideas. Members may participate in domestic exhibitions like the recent “ Nay Pyi Taw Travel Mart and Food Show. Old Bagan “ Bu Pharyar” Night Bazaar and the current “ for Edu, MRTV4 and MRA ” sponsored “ Myanmar Cooking Master Contest ” Member may  also participate in overseas exhibitions , food and cultural shows under the arrangement of MRA. Members may attend the restaurant industry related Seminars  and gatherings , training sessions and classes to be con ducted by MRA.

    Read More >>

    Please publish modules in offcanvas position.