09-73192200, 09-250087536

    headoffice@myanmar-restaurantassociation.com

    Asean Skill Competition Myanmar 2014

    Asean Skills Competition Myanmar 2014

     

    myanmarrestaurantassociationmtfnssaworldskills

     

    ၁၀ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ၂၀၁၄ အကြို မြန်မာနိုင်ငံစားသောက်ဆိုင်ဝန်ဆောင်ကျွမ်းကျင်မှု နှင့် အစားအစာချက်ပြုတ်ကျွမ်းကျင်မှု ပြိုင်ပွဲများ

    နောက်ခံသမိုင်း

    ကမ္ဘာ့နိုင်ငံများတွင် ကျွမ်းကျင်သော ၀န်ထမ်းများ ပေါ်ပေါက်ရရှိလာစေရန် သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျသင်ကြားလေ့ကျင့်ပေးခြင်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများသာမက (၂)နှစ်တစ်ကြိမ် World Skills နှင့် ASEAN Skill Competition များ ပုံမှန်ကျင်းပလျှက်ရှိသော်လည်း မြန်မာနိုင်ငံမှ ASEAN တွင် ခြောက်ကြိမ်မြောက် နှင့် ခုနှစ်ကြိမ်မြောက် တို့တွင် နှစ်နေရာခန့်ပါ၀င်ခဲ့ဘူးသော်လည်း ရှစ်ကြိမ်နှင့် ကိုးကြိမ် မြောက်တို့တွင် အဘက်ဘက်မှလိုအပ်ချက်များကြောင့် မယှဉ်ပြိုင်နိုင်ခဲ့ပါသည်။

    ယခုအခါ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသော နယ်ပယ်အသီးသီးတွင် အရှိန်အဟုန်ဖြင့် ပြုပြင် ပြောင်းလဲတိုးတက်မှာများ တွေ့မြင်နေရသည့်နည်းတူ ထိုတိုးတက်မှုများအား ဆက်လက်အကောင်အထည်ရန် ကျွမ်းကျင်မြန်မာဝန်ထမ်းများ လိုအပ်ချက်မှာလည်း တပြိုင်နက်တည်းမှာပင် ဖြစ်ပေါ်လျှက်ရှိပါသည်။

    ရည်ရွယ်ချက်

    ၁။ ၁၀ ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုဆိုင်ရာပြိုင်ပွဲ အကျဉ်းချုပ်အား အများပြည်သူသိရှိနိုင်စေရန်
    ၂။ မြန်မာ့ကျွမ်းကျင်မှုပြိုင်ပွဲ (Myanmar Skill Competition)တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကျွမ်းကျင်ဆရာများ နှင့် ပြိုင်ပွဲဝင်ရောက်မည့်သူများ သိရှိလာစေရန်
    ၃။ အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲအတွက် လက်ရွေးစင်များ ရွေးချယ်ပြီး ကြိုတင်လေ့ကျင့်ရန်နှင့် စေလွှတ် ယှဉ်ပြိုင်ရန်

    ကျွမ်းကျင်မှုပြိုင်ပွဲအကျဉ်းချုပ်

    မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် စားသောက်ဆိုင်ဝန်ဆောင်ခြင်း ကျွမ်းကျင်မှု နှင့် အစားအစာချက်ပြုတ်မှု ကျွမ်းကျင်မှုပြိုင်ပွဲများအား ၁၀ကြိမ်မြောက်အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၁၄ အကြိုပြိုင်ပွဲများအဖြစ် ဇူလိုင်လ (၁၀၊၁၁) ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

    ပြိုင်ပွဲများတွင် ကျွမ်းကျင်ပညာရှင်စုစုပေါင်း (၉)ဦး နှင့် အသက်(၂၂)နှစ်အောက် ပြိုင်ပွဲဝင်သူ (၉)ဦး စုစုပေါင်း (၁၈)ဦးအား ပဏာမရွေးချယ်ကာ စခန်းသွင်းလေ့ကျင့်ပြီး ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။ နောက်ဆုံးအဆင့် အောင်မြင်သူများသည် အောက်တိုဘာလ ၁၉ ရက်မှ ၂၉ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်မည့် ၁၀ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၁၄သို့ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံလုပ်သားများ ”စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့မှ စရိတ်အကုန်အကျခံ စေလွှတ်သွားမည်ဖြစ်ပါသည်။

    ဟိုတယ်နှင့် စားသောက်ဆိုင်ကြီးများတွင် စားသောက်ဆိုင်ဝန်ဆောင်မှု (Restaurant Service) နှင့် အချက်အပြုတ်ကျွမ်းကျင်သူ မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး ကျွမ်းကျင်ပညာရှင်များအတွက် အနည်းဆုံးလုပ်သက် (၁၀)နှစ်နှင့်အထက် ရှိပြီး သင်ကြားရေးအတွေ့အကြုံရှိသူ၊ ပြိုင်ပွဲဝင်မည့်သူများအတွက် အသက်(၂၂)နှစ်အောက် လုပ်သက်အသင့်အတင့်ရှိသူ(သို့) သက်ဆိုင်ရာသင်တန်းဆင်းထားသူများ ဖြစ်ရပါမည်။

    နိဂုံး

    ယခုကဲ့သို့ လုပ်ငန်းများအလိုက် ကျွမ်းကျင်မှုဆိုင်ရာပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းအသီးသီးမှ လိုအပ်လျှက်ရှိသော လူ့စွမ်းအား အရင်းအမြစ်အား ဖွံ့ဖြိုးတိုးတက်စေရန်၊ လုပ်ငန်းကျွမ်းကျင်သူများ ရရှိအောင်ဆောင်ရွက်ရာတွင် ပြည်သူလူထုအများစု ပူးပေါင်းပါ၀င်လာစေရန်၊ လုပ်ငန်းအလိုက် ကျွမ်းကျင်ဆရာများနှင့် လူငယ်များ တိုးပွားရရှိလာစေရန် စသည့် အခြေအနေများကို အချိန်တိုအတွင်း အကောင်အထည် ပေါ်လာနိုင်မည်ဖြစ်ပါသည်။

    ပြိုင်ပွဲဝင်လျှောက်လွှာများအား အောက်ဖော်ပြပါနေရာများတွင် ထုတ်ယူနိုင်ပါသည်။

    ၁။ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း
    အမှတ် (၄၀/၄၂)၊ (၅)လွှာ၊ ဗိုလ်ဆွန်ပက်လမ်း(အောက်ဘလောက်)၊ ပန်းဘဲတန်းမြို့နယ်။
    ၀၉-၂၅၀၀၈၇၅၃၆, ၀၉-၇၃၁၉၂၂၀၀
    www.Myanmar-RestaurantAssociation.com website တွင် Download ဆွဲယူနိုင်ပါသည်။

    ၂။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်
    အမှတ်(၃/က) ၊ ဝေဇယန္တာလမ်းနှင့် သန်သုမာလမ်းထောင့်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
    ၀၁-၈၅၅၁၀၁၂

    ၃။ TRC ဟိုတယ်သင်တန်းကျောင်း
    တိုက်(၂၀၉)၊ အခန်း(၁၀)၊ ကမ္ဘာလေးဘုရားလမ်း၊ ကမ္ဘာအေးဘုရားမှတ်တိုင်ရှေ့၊ မရမး်ကုန်းမြို့နယ်။
    ၀၁ ၆၆၁၀၉၇, ၀၉ ရ၃၀၅၄၆၈၅

    Facebook

    Photo Gallery

    photo gallery

    Membership Form

    Members will now meet and have close  and friendly relationship amongst the restaurant owners for the first time. Members can share experiences and exchange ideas. Members may participate in domestic exhibitions like the recent “ Nay Pyi Taw Travel Mart and Food Show. Old Bagan “ Bu Pharyar” Night Bazaar and the current “ for Edu, MRTV4 and MRA ” sponsored “ Myanmar Cooking Master Contest ” Member may  also participate in overseas exhibitions , food and cultural shows under the arrangement of MRA. Members may attend the restaurant industry related Seminars  and gatherings , training sessions and classes to be con ducted by MRA.

    Read More >>

    Please publish modules in offcanvas position.