09-73192200, 09-250087536

    headoffice@myanmar-restaurantassociation.com

    Press Release

    Press Release

    စာနယ်ဇင်း ရှင်းလင်းချက်

    မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းသည် မြန်မာနိုင်ငံအနှံ့အပြားတွင်ကြုံတွေ့ရသော ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြန်မာ နိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၏ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏အစည်းအဝေးဆုံးဖြတ် ချက်ဖြင့် အသင်းပိုင်ရန်ပုံငွေ ကျပ်သိန်းတစ်ရာတိတိ (၁၀ဝ) မတည်လှူဒါန်းခဲ့ကြပြီး ၊ သွားရောက် လှူဒါန်းရာတွင်လည်း ထိရောက်မှုရှိစေရန်အတွက် အလှူရှင်များသွားလာရန်ခက်ခဲပြီး၊ အရောက်အပေါက် နည်းသည့်ဒေသဖြစ်သော ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊မင်းဖူးရွာနှင့် အနီးတဝိုက်ရှိ ရေးဘေးသင့်ပြည် သူများအား အဓိကကူညီပံ့ပိုးပေးရန်ဖြတ်ခဲ့ကြပြီး MRA အသင်းမှ ဦးစိန်ခဲ (ခ) ဦးမြင့်ဇော် (တွဲဖက်အတွင်း ရေးမှူး-၃)၊ဦးပြုံးချို (ခ) ဦးရဲဝင်းထွန်း (စာရင်းစစ်) ၊ဒေါ်နှင်းနှင်းအေး( ဗဟိုအလုပ်အမှုဆောင်) ၊ ဆိုင်အသီး သီး နှင့် အခြားမှ Volunteerအဖွဲ့ဝင်ပေါင်း (၄၁) ဦး နှင့်အတူ ကား(၅) စီးဖြင့် ဆန် နှင့် လူသုံးကုန်ပစ္စည်း များ၊ အသင့်စားအစားအသောက်များ ၊ရေသန့်စက်ကြီးကိုသယ်ဆောင်ပြီး သြဂုတ်လ(၃)ရက် နေ့ညနေပိုင်း မှ စတင်ပြီးရန်ကုန်မြို့မှ ရခိုင်ပြည်နယ်ရှိ စခန်းချမည့်ရွာများသို့ကုန်းလမ်း၊ ရေလမ်းတို့ကိုကျော်ဖြတ်ပြီး ခက်ခဲစွာသွားရောက်ခဲ့ကြရပါသည်။ထိုအပြင်ရခိုင်ပြည်ရှိ စခန်းချပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင် ရွက်နေစဉ်အတွင်း၊ ကယ်ဆယ်ရေးစခန်းမှလိုအပ်သော ပစ္စည်းများ ၊ဆေးဝါးများ၊ ဆန်များ ကိုလည်း လိုအပ် သည့်အချိန်တွင် အချိန်မှီရောက်ရှိစေရေးအတွက် Happy Café and Noodles တွင် CECs များနေ့စဉ် တွေ့ဆုံပြီးပေးပို့ပေးရန်အတွက် အချိန်နှင့် တပြေးညီဆောင်ရွက်ပေးခဲ့ကြပါသည်။ အလှုငွေများလက်ခံရာ တွင်လည်း သြဂုတ်လ ပထမပတ်မှ စတင်ပြီး Happy Café & Noodles တွင် အလှုငွေများကို လက်ခံ ခဲ့ကြပြီး ၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ၄င်းတို့၏ မိတ်ဆွေသူငယ်ချင်းများမှ ထည့်ဝင်လှူဒါန်းခဲ့ကြ ရာ ပစ္စည်းနှင့်ငွေသား စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်းတစ်ထောင်ခုနှစ်ရာကျော်ခန့် ရရှိခဲ့ပါသည်။

    ကယ်ဆယ်ထောက်ပံ့သယ်ယူရေးစခန်းကို မင်းပြားမြို့နယ်၊မင်းဖူးရွာ တွင် ဖွင့်လှစ်ခဲ့ကြပြီး ၊အဆိုပါ ရွာတွင် ထောက်ပံ့ကူညီရေးပစ္စည်းများထားရှိရန်အတွက် သိုလှောင်ရေးဂိုထောင်ထားရှိခြင်း၊ ချက်ပြုတ်ရေး အဖွဲ့နှင့် စားဖိုဆောင်ဖွင့်လှစ်ထားရှိခြင်းများဖြင့် အလှူငွေများ၊ အသုံးအဆောင်ပစ္စည်းများ၊ အစား အသောက်များအား စနစ်တကျ ပြန်လည်ဖြန့်ဝေပေးခြင်း၊ အခြောက်အခြမ်းနှင့် ချက်ပြုတ်ပြီး ထမင်း၊ ဟင်းလျာများ ပေးပို့ခြင်းများကို MRA Management Team နှင့် Volunteers များ၊ ကျေးရွာအသီးသီးတွင် ဖွဲ့စည်းပေးခဲ့သော အဖွဲ့များနှင့်ပူးပေါင်း၍ ပစ္စည်းများကို နေ့စဉ် ခွဲဝေလှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။ MRA အသင်း ၏စီစဉ်မှုဖြင့် ဒေသခံများနှင့် ရွာ(၁၇) ရွာရှိ ရေဘေးသင့် ပြည်သူများ၏ ကျန်းမာရေး ကူညီ စောင့်ရှောက်ရေးအတွက် စေတနာရှင်ဆရာဝန်များ မှ ဝမ်းပျက်ဝမ်းလျှော ရောဂါများ၊ မြွေဆိပ်ဖြေဆေး များ၊သောက်သုံးရေနှင့် ချိုးရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားခဲ့သော အရေပြားရောဂါများနှင့် အအေးမိ၊ ဖျားနာ ရောဂါအမျိုးမျိုးခံစားခဲ့ရသောလူနာပေါင်း (၁၅၀ဝ)ကျော်ခန့်ကိုလည်း ဆေးကုသပေးနိုင်ခဲ့ပါသည်။ ထိုအပြင် ပြန်လည်ထူထောင်ရေးအတွက် မျိုးစပါးများကို စပါးစိုက်တောင်သူတစ်ဦးလျှင် (၃)တင်းနှုန်းဖြင့် ဝေငှ ပေးခြင်း ၊ ဆန်အိတ်ပေါင်း (၂၀ဝ၀) ကျော် ၊ဆီ (၆၀ဝ)ပိသာ၊ ဆား (၄၀ဝ၀) ပိသာ၊ ငါးသေ တ္တာဗူး(၄၃၀ဝ) ဗူး၊ခေါက်ဆွဲခြောက်ထုပ် ( ၅၆၀ဝ) ထုပ်၊ အသင့်စားငါနီတူခြောက်ထုပ် (၁၃၀ဝ) ကျော်၊ အဝတ်အစား (၆၀ဝ၀) ကျော် ၊ အသက်ကယ်ဝတ်စုံများ၊ ရေလီတာ (၉၅၀၆၀ဝ) ကျော်အတွက် ရေသန့် ဆေးပြားများ၊ တာပေါ်လင်ကိုက် (၅၀ဝ) နှင့် အခြားအိမ်သုံးအဆောင်ပစ္စည်းများ၊သောက်သုံးရေအဖြစ်ရေများကို ရေသန့် အဖြစ်ထုတ်လုပ်ပြီး နေ့စဉ်လှူဒါန်းဖြန့်ဝေပေးနိုင်ခဲ့ပါသည်။ကျန်းမာရေးအတွက် ကပ်ရောဂါများ မဖြစ်အောင် ကြိုတင်ကာကွယ်ရေးအတွက် ထုံးပိသာ (၅၀ဝ၀)ကျော်ကိုလည်း ကျေးရွာတိုင်းတွင် ဖြူးပေးခဲ့ပါသည်။

    ရေးဘေးသင့်ခံစားခဲ့ရပြီးနောက်ပိုင်း သောက်သုံးရေအတွက် ရေသန့်စက်ဖြင့်ရေများကို သန့်စင်ပြီး ၊ သန့် စင်ပြီး သောက်ရေများကိုလည်း ဒေသခံများကို နေ့စဉ်ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။

    MRA အသင်း(ဗဟို) မှ ရခိုင်ပြည်နယ်သို့ စခန်းချပြီး ကူညီထောက်ပံ့ရေးလုပ်ငန်းများဆောင် ရွက်ခဲ့ကြသည့်အပြင် မြန်မာနိုင်ငံစားသောက်ဆိ်ုင်လုပ်ငန်းရှင်များအသင်း တိုင်းဒေသကြီးအသီးသီး နှင့် ပြည်နယ်ဒေသများဖြစ်ကြသော မန္တလေးတိုင်းဒေသကြီးအသင်းမှ ဥက္ကဌ နှင့့်် အသင်းဝင်များ နှင့် ဗဟိုမှ ဦးသင်္ကြန်ကျော် (ဗဟိုအလုပ်အမှုဆောင်) တို့မှလည်း ဦးဆောင်ပြီး ကောလင်းရှိ ရေဘေးသင့်ပြည်သူများ ကိုလည်း ဆန်အိပ်၊ရေသန့်နှင့် ငါးသေတ္တာများ လှူဒါန်းခဲ့ကြပါသည်။ ထို့အပြင် ဗဟို မှ ဦးသင်္ကြန်ကျော်၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (မန္တလေး၊ ပုဂံ၊ ညောင်ရွှေဒေသ)တို့မှ ဥက္ကဌများ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အသင်းဝင်များပူးပေါင်း၍ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ရေဘေးသင့်ဒေသ များသို့အသီးသီးသွားရောက်ခဲ့ကြပြီး ရေသန့်ဆေး၊ရေထဲတွင်သွားလာရ အဆင်ပြေလွယ်ကူစေရေးအတွက် လှေများ၊အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်းနှင့်ဆေးဝါးများကိုလှူဒါန်းခဲ့ကြပြီး ကယ်ဆယ်ရေး လုပ် ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြပါသည်။

    မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းအနေဖြင့် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှ သြဂုတ် လ ပထမပတ်ခန့်အချိန်လောက်ထိ ရေဘေးဒဏ် ပြင်ထန်းစွာခံစားခဲ့ရသော ရေဘေးသင့်ပြည်သူများကို တစ်လသာ စခန်းချပြီးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အပြင် ၊ ၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် ရေးဘေးဒဏ်ခံစားခဲ့ရသော ပဲခူး၊သနပ်ပင်၊ သက္ကလ ၊လှည်းကူမြို့နယ်ရှိ ဘားလား ၊ငွေနံ့သာ နှင့် ဂျုံးဂျုံးကျကျေးရွာများသို့လည်း အဖွဲ့(၄)ဖွဲ့ခွဲပြီး အိမ်ထောင်စု (၂၁၅၀ ) စုတို့ကို ဆန်အိတ်၊ခေါက်ဆွဲခြောက်ထုပ်၊ထမင်းဗူး၊ရေသန့်၊ ဆေးဝါး ၊လက်နှိပ်ဓာတ်မီးနှင့် အခြားအိမ်သုံးပစ္စည်းများ ကိုလည်း ဗဟိုအလုပ်အမှုဆောင်များနှင့်အလှုရှင်များ၏ ဝိုင်းဝန်းလှူဒါန်းမှုဖြင့် သွားရောက်လှူဒါန်းနိုင်ခဲ့ပါ သည်။

    မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ စားသောက် ဆိုင်များ ကြုံတွေ့နေရသော အခက်အခဲများကို တတ်နိုင်သမျှ ဝိုင်းဝန်းကူညီဖြေရှင်းပေးခြင်းနှင့် စားသောက် ဆိုင်လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်သွားမည်သာမက တိုင်းပြည်နှင့်လူမျိုး အတွက် တတ်နိုင်သမျှလူမှုရေးအကျိုးပြုလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အသင်း၏စီစဉ်မှုဖြင့် မိမိ၏ မိသားစုနှင့် စီးပွားရေးလုပ်ငန်းများကို မငဲ့ကွက်ဘဲ အချိန်ပေးပြီး ရခိုင်ပြည် နယ်ရှိ၊ မင်းပြားမြို့နယ်၊ မင်းဖူးရွာတွင် တစ်လကြာခန့် လူမှုရေးအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေး ခဲ့ကြသော MRA အသင်း မှ ဦးစိန်ခဲ (ခ) ဦးမြင့်ဇော် (တွဲဖက်အတွင်းရေးမှူး-၃) နှင့် ဦးပြုံးချို (ခ) ဦးရဲဝင်းထွန်း(စာရင်းစစ်)နှင့် Volunteers အဖွဲ့ဝင်များအားလုံးကိုလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် များ နှင့်အသင်းဝင်များအားလုံး မှ လှိုက်လှဲစွာကျေးဇူးတင်ရှိပြီး ၊ နောင်အနာဂတ်တွင်လည်း ယခုထက်မက လူမှုရေးအကျိုးပြုလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်သည့်လူငယ်များကို အသင်းနှင့်အတူ ပူးပေါင်းဆောင် ရွက်ပေးရန် ဖိတ်ခေါ်အပ်ပါသည်။

    ဗဟိုအလုပ်အမှုဆောင်အဖွဲ့
    မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း

    Facebook

    Photo Gallery

    photo gallery

    Membership Form

    Members will now meet and have close  and friendly relationship amongst the restaurant owners for the first time. Members can share experiences and exchange ideas. Members may participate in domestic exhibitions like the recent “ Nay Pyi Taw Travel Mart and Food Show. Old Bagan “ Bu Pharyar” Night Bazaar and the current “ for Edu, MRTV4 and MRA ” sponsored “ Myanmar Cooking Master Contest ” Member may  also participate in overseas exhibitions , food and cultural shows under the arrangement of MRA. Members may attend the restaurant industry related Seminars  and gatherings , training sessions and classes to be con ducted by MRA.

    Read More >>

    Please publish modules in offcanvas position.